နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တရုတ်ပဲကြီးလှော်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ကားတွင်းညှပ်မိကာ သေဆုံးခဲ့

တရုတ်ပဲကြီးလှော်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ကားတွင်းညှပ်မိကာ သေဆုံးခဲ့

Hsan Loi Editor
22/04/2023
Share:

 

(၂၁.၄.၂၀၂၃) ရက်နေ့ ည(၈း၂၀) မိနစ်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး-သိန္နီ ပြည်ထောင်စုလမ်းမကြီး (၉)မိုင်လမ်းခွဲ၌ တရုတ်ပဲကြီးလှော်များ တင်ဆောင်လာသည့် (၁၂)ဘီး ကုန်တင်ကားကြီး မတော်တဆတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူ အမျိုးသမီးတစ်ဦး ကားတွင်း၌ညှပ်မိပြီး သေဆုံးခဲ့သည်။ ဒါ့အပြင် ယာဉ်မောင်းဖြစ်သူအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့ (၂)ဦးသည် လင်မယားဖြစ်ကြောင်းလည်း သိရသည်။

 

“ကျနော်တို့ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းကို ည(၈)နာရီကျော်ကျော်လောက်မှ ဖုန်းဆက်ပြီးအကြောင်းကြားလာတယ်။ (၉)မိုင်လမ်းခွဲမှာ (၁၂)ဘီးကား မှောက်လို့ လာကူညီပေးဖို့ ဆက်သွယ်လာတာပေါ့လေ။ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ကားပေါ်မှာပါလာတဲ့ အမျိုးသမီးတစ်ဦးကတော့ ကားထဲမှာညှပ်မိပြီး သေဆုံးနေပြီ။ သူ့အလောင်းကိုလည်း ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရတယ်။ ယာဉ်မောင်းဖြစ်တဲ့အမျိုးသားတစ်ဦးကလည်း ထိခိုက်ဒဏ်ရာရထားတာဆိုတော့ လားရှိုးပြည်သူ့ဆေးရုံကို ကျနော်တို့အဖွဲ့ကပဲ ပို့ဆောင်ပေးခဲ့ရတယ်။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

အဆိုပါကားက တရုတ်နိုင်ငံထုတ်ပဲကြီးလှော်များကို တင်ဆောင်လာခြင်းဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်းဖြစ်သည်။ လမ်းပေါ်ပြန့်ကျဲလျက်ရှိသည့် ပဲကြီးလှော်များကို ဖြတ်သွားဖြတ်လာသော ခရီးသွားပြည်သူများမှ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။