ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ TNLA ထုတ်ပြန်၊ ပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံမယ်လို့ဆို

တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ TNLA ထုတ်ပြန်၊ ပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံမယ်လို့ဆို

Hsan Loi Editor
19/02/2025
Share:

 

TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီမှုမရရှိဘဲ ဆွေးနွေးပွဲပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံမယ်လို့ TNLA က ယနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။

 

ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

 

နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲတဲ့ အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံမယ်လို့ သိရပါတယ်။

 

ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်နိုင်ရန်အတွက် ဆွေးနွေးပွဲမှာ ပလောင်တပ် TNLA က အချက် ၃ ချက် တောင်းဆိုခဲ့ပြီး ၎င်းအချက်များသည် (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့် ထားပြီး အပစ်အခတ် ရပ်စဲရန်၊ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ် ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများ အားလုံး ရပ်တန့်ရန်နဲ့ (၃)နှစ်ဖက် ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန် အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စတဲ့ အချက်များဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် PSLF/TNLA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ် မှာ တွေ့ဆုံပြီး တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း က ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။