ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တရုတ်နိုင်ငံထုတ် ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ခံရကြောင်း စစ်ကောင်စီပြောရေးဆိုခွင့် ဝန်ခံ

တရုတ်နိုင်ငံထုတ် ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ခံရကြောင်း စစ်ကောင်စီပြောရေးဆိုခွင့် ဝန်ခံ

Hsan Loi Editor
03/11/2023
Share:

 

1027 MNDAA၊ AA၊ TNLA၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်သည့် စစ်ဆင်ရေးနှင့် ပါတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက

 

“ တရုတ်က (ထုတ်) ဒရုန်းတွေနဲ့ပစ်တယ်။ တချို့ Drop Bombs တွေ ကျနော်တို့သိမ်းဆည်းရမိတာရှိပါတယ်။ Drop Bombs တွေမှာ ရေးထားတဲ့စာသားတွေဟာ စာတွေ တံဆိပ်တွေဟာ တရုတ်စာပါပါတယ်။ အဲ့မှာ ဘာရေးထားလည်းဆိုတော့ တရုတ်စာကျွမ်းကျင်သူနဲ့ဘာသာပြန်ကြည့်တဲ့အခါမှာ တရုတ်ရဲ့အထူးထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းဆိုပြီး ရေးထားတာရှိတယ်။

 

သာမှန်ကြည့်ရင်တော့ နောက်ကွယ်မှာ တရုတ်နိုင်ငံကပါဝင်သာ ရှိနေတယ်လို့ သူတို့ထင်အောင်လုပ်နေတာရှိတယ်။ တရုတ်ပြည်သူနဲ့ မြန်မာပြည်သူလူထုအကြား တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား အထင်မြင်လွဲမှားအောင်လုပ်နေတာဖြစ်တယ်။ အဲ့ဒါတွေသည် ကြိုတင်စီမံဆောင်ရွက်နေတာဖြစ်တယ်။

 

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်တယ်။ ဒီလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ လွတ်လပ်ရေး ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ နယ်မြေဒေသ ကျနော်တို့ အစွမ်းကုန် ကာကွယ်သွားမှာဖြစ်တယ်။” ဟု MRTV ကတဆင့် ယမန်နေ့က ထုတ်လွင့်ပြောကြားခဲ့သည်ကို တွေ့ရသည်။

 

မနိုင်လျှင် UWSA ဝ တပ်ဖွဲ့များကို ခေါ်လာ၍ စစ်ဆင်ရေးလုပ်ဆောင်ကြောင်း ၎င်းက ပြောသည်။

 

MNDAA သတင်းဌာနက စစ်ကောင်စီ၏ သျှမ်းမြောက်ရှိ တပ်စခန်း စုစုပေါင်း (၉၂) ခု (သံချပ်ကာကား (၆) စီးအပါအဝင်) သိမ်းဆည်းပြီးဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

 

မကြာသေးမီရက်ပိုင်းအတွင်း၌ပင် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong သည် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ လာရောက် တွေ့ဆုံခဲ့သည်။ မြန်မာ တရုတ် နှစ်နိုင်ငံအနေဖြင့် အထူးတပ်ဖွဲ့ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ် ရေးထိုးပြီးဖြစ်သည်ဟု ပြောသည်။

 

တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong က “ အဓိကစီမံကိန်းများကို အရှိန်မြင့်ဖော်ဆောင်ကာ တရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှုများနက်ရိူင်းစေပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ခိုင်ခံသောလုံခြုံရေးအကာကွယ်တည်ဆောက်လိုကြောင်း၊ နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးလုံခြုံမှုဌာနများသည် ဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသ တရားဥပဒေစိုးမိုးရေး၊ အရေးပါစီမံကိန်းကြီးများလုံခြုံရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်၍ နှစ်နိုင်ငံလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း” ပြောကြားခဲ့သည်ဟု ရန်ကုန်အခြေစိုက် တရုတ်နိုင်ငံဆိုင်ရာ သံရုံးစာမျက်နှာက ဖော်ပြခဲ့သည်။

 

Photos ownership: MNDAA