ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တရုတ်နိုင်ငံထုတ်ဖုန်းတချို့သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကောက်ယူနေကြောင်း IT&Softwares နည်းပညာ လေ့လာသူ သျှမ်းပြည် လူငယ်တဦးက ပြောပါသည်။
ပထမဖုန်းအမျိုးအစားတခုသည် Tecno Phantom x2 Pro 5G ဖုန်း၊ အမေရိကန်ဒေါ်လာ ၅၀၀ ခန့်၊ စင်္ကာပူဒေါ်လာ ၆၀၅ မှ ၇၃၇ ဒေါ်လာခန့် ရှိပါသည်။ ဗွီဒီယိုရိုက်ရာတွင် Resolution 4K အထိ ရိုက်ကူးမှတ်တမ်းတင်နိုင်သော အရည်အသွေးမြင့် ဖုန်းအမျိုးအစားဖြစ်သည်ကို တွေ့ရသည်။
ဒုတိယဖုန်းအမျိုးအစားမှာ Tecno AD9 ဖုန်းအမျိုးအစားတို့ဖြစ်သည်ဟု ပြောပါသည်။
တတိယ အမျိုးအစားသည် Infinix Hot 20 ဖြစ်ပြီး ကျပ် 429,990 ဝန်းကျင်ခန့်ရှိသည်။
အဆင့်မြင့်တင်ထားသည့် Android များကို အသုံးပြုထားသည်ဟု သိရပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်များဆိုရာတွင် အခြေခံအားဖြင့် မိမိတို့အသုံးပြုနေသည့် IP နံပါတ် (အင်တာနက်လိပ်စာ၊ နေရာ၊ အချိန် အပါအဝင်)၊ ရောက်ရှိရာနေရာများ၊ ဖုန်းအမျိုးအစားများ စသည်တို့ဖြစ်သည်ဟု ဆိုသည်။
နည်းပညာကျွမ်းကျင်သူများလည်း ဖြည့်စွက်ပြောပြနိုင်ပါသည်။