ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သျှမ်းပြည်နယ်၊ ပင်းတယမြို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစင်တာ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပင်းတယမြို့၌ ကျင်းပပြုလုပ်ခဲ့သည်ဟု တရုတ်သံရုံးစာမျက်နှာနှင့် စစ်ကောင်စီ၏ ပြန်ကြားရေးဌာနကတဆင့် သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် အထွေထွေအတွင်းရေးမှူး Mr. Xi Jinping က ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အားကောင်းစွာ အာမခံချက်ပေးနိုင်ကာ လူမှုရေး သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်ရေး၊ ယခုစီမံကိန်းသည် တရုတ်-မြန်မာ အသိုက်အဝန်းကို ထင်ဟပ်စေပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသမှ နိုင်ငံများအကြား သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် စံနမူနာအဖြစ် ပံ့ပိုးပေးသွားရန်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ဘေးကင်းစွာ စီမံဆောင်ရွက်မှု အတွေ့အကြုံများကို မျှဝေလိုပြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပင်းတယမြို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ အပါအဝင် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ၅ ခုကို လက်တွေ့အခန်းကဏ္ဍမှ ပါဝင်နိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
စစ်ကောင်စီခန့် လူမှုကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းတို့နှင့် ဆက်စပ်ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Photos: တရုတ်သံရုံး