ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စာရင်းစစ်ချုပ် ဦးတင်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးလှမြင့်တို့အား ကျန်းမာရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီမှ အနားပေးခဲ့ကြောင်း ယနေ့သတင်းတွင် ဖော်ပြခဲ့သည်။
ဒါ့အပြင် ယခင်သျှမ်းပြည်နယ်ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဒေါက်တာကျော်ထွန်းအား နစက အဖွဲ့ဝင်အဖြစ်မှ နစက ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွေ့တာဝန်ပေးခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့၏ သက်တမ်း (၂) နှစ်ခွဲကျော်ကာလအတွင်း ယခုလို ထိပ်ပိုင်းရာထူးပေးထားသူများကို အပြောင်းအလဲပြုလုပ်လာခြင်းဖြစ်သည်။