ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စု၊ မန်လွယ်ရွာရှိ စိုင်းဆန်အုံး၏ တွင်ခုံကို စစ်ကောင်စီအဖွဲ့ဝင်အချို့ ဝင်ရောက်စစ်ဆေးရာ အပြန်လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ သတင်းအရင်းအမြှစ်များက ယနေ့ ရေးသားဖော်ပြထားသည်။
ပစ်ခတ်မှုကြောင့် တွင်ခုံမှ လူအချို့ သေနတ်ထိမှန် သေဆုံးသွားသည်ဟု သိရသည်။
တွင်ခုံမှ ပစ္စတို ၆ လက်၊ တူမီး ၅ လက်၊ လေသေနတ် ၂ လက်၊ ပြုလုပ်ဆဲ သေနတ်အစိတ်အပိုင်းများ၊ ကျည်ဆံများ၊ စိတ်ကြွဆေးပြား ၈၀ ပြား၊ SSPP/SSA အဖွဲ့ဝင်ကတ် ၁ ခုတို့ကို သိမ်းဆည်းလိုက်ကြောင်း ရေးသားဖော်ပြထားသည်။