ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန်) လုပ်ကိုင်သူ တရုတ်နိုင်ငံသား(၇၆၂)ဦးကို “ ဝ” တပ်ဖွဲ့က ဖမ်းဆီးပြီး ယမန်နေ့ နိုဝင်ဘာလ(၁၉)ရက်က တရုတ်ထံ လွှဲပြောင်းခဲ့ကြောင်း “ ဝ” ဒေသ ကလာတဲ့ သတင်းအရသိရသည်။
ကျားဖြန်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးနဲ့အတူ Starlink(၇၆)ခု၊ ဖုန်း(၁၅၄၉)လုံး၊ ကွန်ဗျူတာ(၈၂)လုံးတို့ပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်၏ ပြည်သူ့လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၇၆၂)ဦးနဲ့အတူ ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။