ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေသော သျှမ်းပြည်နယ်မြောက်ပိုင်းက သျှမ်းပြည်သူစစ်ဘေးရှောင်များ

တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေသော သျှမ်းပြည်နယ်မြောက်ပိုင်းက သျှမ်းပြည်သူစစ်ဘေးရှောင်များ

Hsan Loi Editor
17/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့​၏ ၁၀၂၇ စစ်ဆင်ရေးစတင်သော အောက်တိုဘာ (၂၇) ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးများ ထိခိုက်ခဲ့ပြီး ပြည်သူလူထုများ ခရီးသွားလာမှုကို ထိခိုက်စေခဲ့သည်။

၂ ဖက်တပ်များ​၏ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ​ကြောင့် ဒေသခံမိဘပြည်သူများစွာ စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ရသည်။

ယခုအခါ စစ်ဘေးရှောင်ရသော ဒေသခံအမျိုးသားများအား နောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ထပ်မံပြီး တပ်သားသစ်စုဆောင်းမှုပြုလုပ်ခြင်းကြောင့် တိုက်ပွဲအပြင် တပ်သားသစ်စုဆောင်းမှုဒဏ်ကိုခံစားနေစေရကြောင်း သိရသည်။

“ ကျောက်မဲမြို့နယ်မှာဆိုရင် TNLA နဲ့ စစ်ကောင်စီတပ်က တိုက်ပွဲနေ့တိုင်းဖြစ်နေတော့ လူထုတော်တော်များများက ဘေးလွှတ်ရာကိုစစ်ဘေးရှောင်နေရတယ်။ စစ်ကောင်စီတပ်ဘက်ကနေလည်း လက်နက်ကြီးတွေရော တိုက်လေယာဉ်တွေကိုရော အသုံးပြုတိုက်ခိုက်နေကြလို့ လူမှုဘဝလုံခြုံမှုပါ ထိခိုက်ပြီး စိုးရိမ်ထိတ်လန့်မှုနဲ့ အသက်ရှင်နေရတယ်။ စစ်ပွဲဖြစ်ရင်လည်း ရွာထဲကမထွက်ကြဖို့ နောက်ထပ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကပါ ဖိအားပေးတယ်။ ကျောက်မဲမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ သျှမ်းယောကျာ်းလေးတွေကို ဖမ်းပြီး စစ်သားလုပ်ခိုင်းနေတာတွေရှိတယ်။ ကျနော်တို့အတွက်ကတော့ ဘာကိုအရင်ကြောက်လို့ကြောက်ရမှန်း မသိတော့ဘူး။” ဟု အမည်မဖော်လိုသူစစ်ဘေးရှောင်တစ်ဦးက ပြောပြသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်တွင်းတစ်ကြောတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် နေ့စဉ်နေ့တိုင်း စစ်ဘေးရှောင်လူဦးရေတိုးမြင့်နေကြောင်း သတင်းရရှိသည်။