ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ရွေးကောက်ပွဲကျင်းပနိုင်ရေး မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ စကစ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ မိမိတို့ရဲ့ အန္နိမ ရည်မှန်းချက် ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် ဆောင် ရွက်သွားရမှာဖြစ်ပြီး မဲစာရင်းတွေ မှန်ကန်မှုရှိစေဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီသည် တစ်နိုင်ငံလုံးအနှံ့ စစ်ရေးအရ ရှုံးနိမ့်နေပြီး စစ်စခန်းများစွာနဲ့ မြို့ပေါင်း (၆၀)ကျော် လက်လွှတ်ဆုံးရှုံးရကြောင်းသိရပါသည်။
” စကစ က စစ်မျက်နာ ဘက်ပေါင်းစုံက အထိနာနေတာကို လေသံက မလျှော့သေးဘူး၊ ရွေးကောက်ပွဲ ကျင်းပဖြစ်ရင်တောင် နိုင်ငံရေးအတိုက်အခံ အင်အားစုတွေ မပါဝင်ပဲ သူ(စကစ) ထိန်းချုပ်နိုင်တဲ့နေရာပဲ ကျင်းပနိုင်မာ” လို့ ပြည်သူတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ၎င်းကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် ယူဆထားကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ သန်းခေါင်စာရင်းများ ကောက်ယူပြီး ၂၀၂၅ နှစ်ဆန်းတွင် ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်းထွက်လာမှာ ဖြစ်ပြီး မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်ကာသန်းခေါင် စာရင်းတွေ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်တဲ့ မဲစာရင်းတွေ ရရှိမှာ ဖြစ်သလို ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဲ့ဒီ အစည်းအဝေးမှာ ပြောကြားသွားကြောင်း သိရသည်။