ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ကျဆင်း

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ကျဆင်း

Hsan Loi Editor
08/03/2023
Share:

 

၂၀၂၃ ခုနှစ်၊ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဦးစီးကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၈၅၁ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြား စာစစ်ဌာန ၅ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉၈၄၃ ရှိပြီး စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၈၅၁ ဦးရှိကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနနှင့် ၎င်းတို့ပြန်ကြားရေးကထုတ်ပြန်လိုက်သည်။

၂၀၁၉-၂၀၂၀ ခုနှစ်၊ အရပ်သားအစိုးရလက်ထက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသူ စုစုပေါင်း ၉၇၀၇၅၉ (၉ သိန်းကျော်) ရှိကြောင်း တွေ့ရသည်။