ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ၊ဖယ်ခုံအင်းအရှေ့ဘက်ကမ်း တောင်ပို့ကွဲ ကျေးရွာကိုစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက် ကြီး နဲ့ပစ်ခတ် ခဲ့တဲ့အတွက် နေအိမ်တစ်လုံး မီး လောင်ကျွမ်းခဲ့ပြီး အရပ် သားတစ်ဦး ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ အင်းလေး ဒေသလူ့အခွင့်အရေး ကသတင်းထုတ်ပြန်ထားပါတယ် ။
ဖေဖော်ဝါရီ ၁၃ ရက် ၊ ညနေ ၆ နာရီ ဝန်းကျင် အချိန် ကစစ်ကောင်စီတပ် နဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၃၀အရွယ် တောင်ပို့ကွဲ ရွာသားတစ်ဦး လက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ညပိုင်း အချိန် ၁၁ နာရီ ၂၀ မိနစ်အချိန်မှာ လက်နက်ကြီးနဲ့ထပ်မံ ပစ်ခတ်လိုက်တဲ့အတွက် တောင်ပို့ကွဲ ကျေးရွာ က လူနေအိမ်တစ်လုံး မီး လောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။
အဲ့ဒီနေ့တစ်ရက်ထဲမှာပဲ ညောင်ရွှေမြို့နယ်ထဲက ရေပူကျေး ရွာအုပ်စု ၊ ဘုရားတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နံနက် ၁၁ နာရီခွဲ အချိန်မှာ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNA ပြည် သူ့စစ်တို့က လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့ပြီးဒရုန်း ဗုံးသီး ၆ ကြိမ်အထိ လာရောက်ကျဲချ တိုက်ခိုက်တာကြောင့် နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာလဲ စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တို့က တောင်ပို့ကွဲရွာကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၂ ဦးပွဲချင်းပြီးသေဆုံး ပြီး အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။
Photo အင်းလေး ဒေသလူ့အခွင့်အရေး