ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဆီဆိုင်မြိုနယ် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို ဧပြီ ၂၇ ရက်ညနေပိုင်းက မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။ တံတားဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီ၏ လက်ချက်ဖြစ်ပြီး အဆိုပါတံတားမှတဆင့် တော်လှန်ရေးအင်အားစုများ ဖြတ်သန်းနေကြောင်း သံသယရှိသည့်အတွက် လာရောက်ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု PNLA က ပြောဆိုထားသည်။
တံတားအား (၂၇.၄.၂၀၂၄)ရက်နေ့နေ့ည ၆ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲဝင်များသည် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားသိုရောက်ရှိလာပြီး တံတားအား မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံအချို့ကလည်း ပြောပြသည်။
တံတားအား မိုင်းခွဲဖျက်ဆီးလိုက်ခြင်းကြောင့် ကားများသွားလာ၍မရတော့ပါ။ လက်ရှိတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာနှင့်မဲဟဲကျေးရွာအပါအဝင် အနီးအနားရှိ ရွာသူရွာသားများ တိမ်းရှောင်နေရဆဲဖြစ်ပြီး အချို့သာ နေအိမ်ကိုပြန်ရောက်နေကြောင်း သတင်းရရှိသည်။