ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ(၁)ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပစ်သတ်ပြီး ဒေသခံတဦးကို ဖမ်းဆီးသွား

ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ(၁)ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပစ်သတ်ပြီး ဒေသခံတဦးကို ဖမ်းဆီးသွား

Hsan Loi Editor
04/07/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ(၁)ဦးကို စစ်ကောင် စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့ပြီး ဒေသခံပြည်သူ(၁)ဦး ဖမ်းဆီးသွားကြောင်း PNLA မှ ထုတ်ပြန်ထားပါသည်။

 

ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ ခွန်တငွေနှင့် အဖော်ဖြစ်သူ ခွန်မောင်ႏပေႏ သည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့်အိပ်ပေးရာမှ ဇူလိူင်လ (၃) ရက်နေ့ မနက်(၇) နာရီခန့်အချိန် အသုဘ ရှိသည့်အိမ်မှ မိမိနေအိမ်သို့ပြန်လာစဉ် ကျေးရွာအတွင်း တပ်စွဲထားသည့် PNO ပြည်သူ့စစ်က ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

PNO ပြည်သူ့စစ်မှ ခွန်တငွေကို ပစ်သတ်ပြီးနောက် ခွန်တငွေ၏ အဖော်ဖြစ်သူ ခွန်မောင်ႏပေႏ အား ရွာအပြင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

 

စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များသည် လက်ရှိအချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲ ထားလျက်ရှိပြီး ဒေသခံပြည်သူများအား ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။