ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဆီဆိုင်မြို့နယ် သဘက်ကျေးရွာအုပ်စု နောင်စကာကျေးရွာအနီးတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် ယမန်နေ့(၂၁.၆.၂၀၂၄) ရက်နေ့တွင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLA ကဖော်ပြထားသည်။
“ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက အင်းအား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခြင်း ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုဆိုသည်။
“ ထို့အပြင် ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက လက်နက်ကြီးများဖြင့် တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ဇွန်လ ၂၁ ရက်တွင် ရပ်ရွာများအား အစည်းအဝေးခေါ်ယူပြီး ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့်မပြုကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်နှိပ်စက်မှုပြုလုပ်ခဲ့သည်။
ထို့အပြင် ရွာသူ ရွာသားများအနေဖြင့် ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဟု စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ရွာသားများကို ရပ်ရွာများအား အစည်းအဝေးခေါ်ယူမှုတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ထိုသို့ ခေါ်ဆိုခြိမ်းခြောက်ရာတွင် ရဟန်း သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာဆင်ခြင်ကြရန်နှင့် နောင်တွင် ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲဘော်များ အမှား မဟုတ်၊ သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု လွယ်မောဒေသရှိ ရဟန်းသံဃာများကို ပြည်သူ့စစ်က ပြောဆိုခြိမ်းခြောက်သွားခဲ့သည်။
စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က လွယ်မောတောင်ဒေသတွင် ကျေးရွာအတွင်းနေထိုင်ခြင်း လက်နက်ကြီးများဖြင့် တောင်ယာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း ပြည်သူများအား ရွာပြင်ထွက်ခွင့်မပြုခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံပြည်သူများလည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိသေးပေ။” ဟု PNLA ကဖော်ပြထားသည်။
ဇွန်လ (၁၉) ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ရသည်။