ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဆီဆိုင်မြို့နယ်အတွင်း သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုသည် PNO လက်ချက်ဖြစ်ကြောင်း PNFC ထုတ်ပြန်လာ

ဆီဆိုင်မြို့နယ်အတွင်း သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုသည် PNO လက်ချက်ဖြစ်ကြောင်း PNFC ထုတ်ပြန်လာ

Hsan Loi Editor
12/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၇) ရက်နေ့က သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ထွက်ခွာလာသည့် အာဆီယံလူသားချင်းစာနာမှုကူညီရေး ညှိနှိုင်းရေးဗဟိုဌာန (AHA) သံတမန်ယာဉ်တန်း ကို လက်နက်ကိုင်အဖွဲ့တစ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခတ်မှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က PNO အဖွဲ့လက်ချက်ဖြစ်ကြောင်း ဖော်ပြလာသည်။

သံတမန်ယာဉ်တန်းပစ်ခတ်ခံရမှုတွင် ဒေသခံမျက်မြင်သက်သေများက ဌာနနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PNFC က ထုတ်ပြန်ထားသည်။

၎င်းခရီးစဉ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စီစဉ်ခြင်းဖြစ်ပြီး သံတမန်များ ခရီးစဉ်တိုက်ခိုက်ခံရမှုသည် PNO နှင့် စစ်ကောင်စီတပ်တို့ကို သံသယရှိသည်ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒေသသတင်းများထံ ဖြေကြားထားသည်ကို တွေ့ရသည်။

PNFC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PNO အဖွဲ့မှ မည်သည့်တုန့်ပြန်မှုမှ မရှိသေးပါ။