ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဆီဆိုင်မြို့နယ်က စစ်ကောင်စီ နဲ့ PNOအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်၊ PNO စစ်သား ၃ ဦးသေ

ဆီဆိုင်မြို့နယ်က စစ်ကောင်စီ နဲ့ PNOအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်၊ PNO စစ်သား ၃ ဦးသေ

Hsan Loi Editor
09/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာက စစ်ကောင်စီတပ် နဲ့ PNO/PNA ပအိုဝ်းပြည်သူစစ်တို့အထိုင် ချထားတဲ့ စခန်းကို ကရင်နီတပ်ပေါင်းစုက ဒီကနေ့မနက် ၅ နာရီမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ် ။

 

“ စခန်းရပြီ ။သေနတ်အလက် ၃၀ကျော်ရတယ်။ မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ (PNO) ပြည်သူ့စစ်ဖက်က ၃ ဦးသေ ၈ ဦးအထက် အပြင်း အထန် ဒဏ်ရာရတယ်လို့ ” ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူတစ်ဦးက အတည် ပြုထားပါတယ် ။

 

အဲ့ဒီစခန်းသိမ်းသိမ်းပွဲမှာ PNO ပြည်သူ့စစ်အဖွဲ့ထဲက အသက် မပြည့်သေးတဲ့ ကလေးစစ်သား တွေကိုပါ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ် ။

 

” စစ်ကောင်စီဖက်က ဆီဆိုင်မြို့ထဲကနေပြီး မြို့အနီးက ပအိုဝ်းရွာ တွေအပြင် ရှမ်းစုရွာအထိကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတာ ၊တစ်ခြားမှာမသက်သာလို့ ဆီဆိုင်ပြန်နေကြတဲ့သူတွေလဲ အမြဲတမ်းစိုးရိမ်စိတ်နဲ့နေနေကြရတယ် ” လို့ ဆီဆိုင်မြို့ခံတစ်ဦးကပြောပါတယ် ။

 

စစ်ကောင်စီဟာ မိုးဗြဲကိုထိန်းချုပ်နိုင်ဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန် ကရင်နီတပ်ပေါင်းစုကဆီဆိုင်မြို့နယ် ရွှေတစ်ဂူ စခန်းကိုသိမ်းပိုက်ခဲ့တာပါ ။

 

ဒါဟာ ကရင်နီတပ်ပေါင်းစုရဲ့ ၂၀၂၅ခုနှစ် ပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်ပြီး စစ်ရေးအရလည်း အရေးပါတဲ့စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ် ။