ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ တိုက်ပွဲကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်ဘဝရောက်ခဲ့ရပြီး မိမိတို့၏ မိသားစုဝင်များကို ဘေးလွတ်ရာသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြောင်းရွေ့ခဲ့ရသည်။ ထို့အထဲတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ ညနေ(၅)နာရီခန့်တွင် လားရှိုးမြို့မှ နမ့်လန်မြို့သို့ မိသားစုဝင်(၃)ဦး ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်လာစဉ် သီပေါ-နမ့်လန်ကားလမ်း နမ့်ရမ်းကျေးရွာအဝင်အရောက်၌ တွဲကားဖြင့် မတော်တဆ တိုက်မိခဲ့သည်။
အဆိုပါမတော်တဆမှုကြောင့် ဆိုင်ကယ်မောင်းသော ဖခင်ဖြစ်သူအမျိုးသားတစ်ဦး အဆိုပါနေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဒါ့အပြင် မိခင်ဖြစ်သူအမျိုးသမီးသည်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု သိရသည်။