ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ဇူလိုင်လ (၂၄) ရက်နေ့ မွန်းလွဲခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တွင် ဆိုင်ကယ်တစ်စီးကို လူငယ် (၃) ဦး အရှိန်ဖြင့်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေးရှိ အုတ်တံတိုင်းကို ကျော်လွန်ကာ လူနေအိမ်ခြံဝန်းအထိ ပြုတ်ကျမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
၎င်းတို့သည် ကျောက်မဲမြို့ (၈) ရပ်ကွက် နယ်မြေ (၄) အင်ကြင်းတောင်ရပ်ရှိ ခြံဝင်းထဲတွင်ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်တစ်စီးကို လူ (၃) ဦး အတူတူစီးနင်းခြင်းအပြင် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးရှိ အုတ်တံတိုင်းကို တိုက်မိပြီး လမ်းအောက်ဘက်ရှိ ခြံဝင်းအတွင်းပြုတ်ကျခဲ့သည်။
ဆိုင်ကယ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးလာသော လူငယ် (၃) ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြပြီး ကျောက်မဲမြို့ နမ့်ခုံးသျှမ်းများပရဟိတအသင်းက သွားရောက်သယ်ဆောင်ကာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။