ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မည့် စစ်တွေမြို့၏ ယနေ့ နံနက်ပိုင်း အခြေအနေများ

စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မည့် စစ်တွေမြို့၏ ယနေ့ နံနက်ပိုင်း အခြေအနေများ

Hsan Loi Editor
15/05/2023
Share:

 

မုန်တိုင်းသည် စစ်တွေမြို့ ၏ အနောက်တောင်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်၊ ကျောက်ဖြူမြို့ (Kyaukpyu)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်မြောက်ဘက် ရေမိုင် (၂၄၀)မိုင်ခန့်အကွာကို ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနထုတ်ပြန်ထားသည်။

မုန်တိုင်းသည် စစ်တွေမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပြီး ဗဟိုချက်လေဖိအား (၉၃၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၃၀)မှ (၁၃၇)မိုင်နှုန်းခန့် ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်တွေမြို့ရှိ အကြီးဆုံးတာဝါတိုင်ဖြစ်သည့် ဆက်သွယ်ရေးတာဝါတိုင်လည်း ကြိုးကျပြီဟု သိရသည်။ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများအားလုံး ဘေးကင်းကြပါစေ။