ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စိတ်ဝေဒနာရှင်သမီးဖြစ်သူက ဖခင်ဖြစ်သူကို ဓါးဖြင့်ခုတ်ရာမှ ဖခင်က ငရုတ်ကျည်ပွေ့ဖြင့်ပြန်ထုမှု လွိုင်ကော်မြို့တွင်ဖြစ်ပွား

စိတ်ဝေဒနာရှင်သမီးဖြစ်သူက ဖခင်ဖြစ်သူကို ဓါးဖြင့်ခုတ်ရာမှ ဖခင်က ငရုတ်ကျည်ပွေ့ဖြင့်ပြန်ထုမှု လွိုင်ကော်မြို့တွင်ဖြစ်ပွား

Hsan Loi Editor
03/01/2023
Share:

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် စိတ်ဝေဒနာရှင်သမီးက ဖခင်ဖြစ်သူအား ဓါးဖြင့်ခုတ်ခြင်းကြောင့် ဖခင်ဖြစ်သူက ငရုတ်ကျည်ပွေ့ဖြင့်ပြန်ထုမှု လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ဇန်နဝါရီလ ၁ ရက်နေ့က လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက် အုပ်စု ၉ ၌ စိတ်ဝေဒနာရှင်သမီးနှင့်ဖခင်ဖြစ်သူတို့ အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

 

စိတ်ဝေဒနာရှင် သမီးဖြစ်သူ မခင်စန်းဝင်း အသက် (၃၈နှစ်) က ဖခင်ဖြစ်သူ ဦးလော်သဲ အသက် (၇၆) နှစ်အား ဓါးဖြင့်ခုတ်ခြင်းကြောင့် ဖခင်ဖြစ်သူက ငရုတ်ကျည်ပွေ့ဖြင့် ပြန်ထုခဲ့ကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

ဖခင်နှင့်သမီးရန်ပွဲကြောင့် သမီးဖြစ်သူ၏ ငယ်ထိပ်နှင့် ညာလက်တွင် ဒဏ်ရာများရရှိခဲ့သလို ဓါးဖြင့်ခုတ်ခံရသည့် ဖခင်သည်လည်း နားထင်နှင့် နဖူးတွင် ဓါးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/