ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုရဲချုပ် ကစ်တီရတ် ဖန်းဖစ်က ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြောက်အရှေ့ပိုင်းဒေသ မူးယစ်ဂိုဏ်း ၂ ဖွဲ့ ထံမှ စိတ်ကြွဆေးပြား 13,400,000 တကုဋေသုံးသန်းလေးသိန်းနှင့် အိုက်စ် ကီလို ၁၀၀ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ချင်းမိုင်မှ နခွန်းဆီထမရတ်မြို့နယ်နှင့် နခွန်းဖနွမ်မြို့နယ်မှ အတွင်းပိုင်းသို့ ယင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာစဉ် စရာပူရီမြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၂၂ ရက်နေ့တွင်လည်း မဲခေါင်မြစ်ကမ်း ထိုင်းဘက်ခြမ်းသို့ဆိုက်ကပ်လာသည့် မော်တော်တစီးပေါ်မှ စိတ်ကြွဆေးပြား ၃ သန်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ယင်းစိတ်ကြွဆေးပြားများသည် AAA အေသုံးလုံးအမှတ်တံဆိပ်ဖြစ်ပြီး သျှမ်းပြည်အရှေ့ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတဖွဲ့ထံမှဖြစ်သည်ဟု သိရသည်။
Ref: Khaosod, Maesaipress