ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စတုထ္ထ အကြိမ်မြောက် အင်းလေးရေပေါ် သင်္ကြန်ပွဲကို စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ ဆို

စတုထ္ထ အကြိမ်မြောက် အင်းလေးရေပေါ် သင်္ကြန်ပွဲကို စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ ဆို

Hsan Loi Editor
27/03/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ၊ အင်းလေး ရေလည်ဧည့်ခန်းမမှာ စတုထ္ထအကြိမ်မြောက် အင်းလေးရေပေါ်သင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ် ။

 

“ အရင် နှစ်တွေတုန်းကနဲ့မတူပဲ ဒီနှစ်မှာ အင်းလေးရိုးရာလှေကိုခြေနဲ့လှော်ပြီး သရုပ်ပြအမျိုးမျိုးပါဝင်မယ်၊ဒေသခံတီးဝိုင်းအဖွဲ့ ယိမ်းအကနဲ့ အင်းလေးရိုးရာအက အလှတွေပါဝင်မယ် ဒီရေပေါ် သင်္ကြန်ပွဲကတော့ ခရီး သွားတွေ ဧည့်သည်တွေကို မျှော်တဲ့ပွဲပါပဲ စည်ကားမယ်လို့ ယုံကြည်တယ် ” လို့ အင်းလေးဒေသ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ် ။

 

အင်းလေးရေပေါ် သင်္ကြန်ပွဲစည်ကားရေးအတွက် အုပ် ချုပ်ရေးမှူးတစ်ချို့က အတင်းဖိအားပေး ပါဝင်ခိုင်းတာတွေရှိသလို လာမယ့် မတ်လ ၂၈ မှာ အင်းလေးဒေသကျေးရွာတွေက စစ်မှုထမ်းမဲပေါက်သူတွေ ညောင်ရွှေမြို့မှာဖောင်သွား ဖြည့်ရမယ်လို့ ဆင့်ခေါ်ထားတာတွေလည်းရှိတယ်လို့ ညောင်ရွှေသတင်းရင်းမြစ်ဆီက သိရပါတယ်။

 

” အုပ်ကြီးတွေကအဓိက လှုံ့ဆော်တာပေါ့ သင်္ကြန်ပွဲအက တွေ မှာပါဝင်ဖို့၊ ဘာဖို့ ကို ကြောက်တာပေါ့ အင်းလေးဒေသက လက်ရှိအခြေနေကောင်းမနေဘူးလေ၊ ရေပူဖက်လည်း တိုက်ပွဲတွေဖြစ်နေတယ်၊ တစ်ချို့အိမ်ဆို လာမယ့် စစ်မှုထမ်းအတွက် မဲပေါက်ထားတာတွေ ရှိတယ် ဘယ်လို ကခုန်ပျော်မြူးနိုင်မလဲ ” လို့ ညောင်ရွှေမြို့ခံ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

 

အင်းလေးရေပေါ်သင်္ကြန်အဖြစ်၂၀၁၉ ခုနှစ် အင်းပေါ်ခုံ မှာ ပထမဆုံးကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာစစ်ကောင်စီက ပြန်လည်ကျင်းပခဲ့ပါတယ်။

 

ပုံ- ယခင်နှစ် အင်းလေးရေပေါ် သင်္ကြန်