ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ဓနုဒေသရွာငံမြို့နယ်မှာရှိတဲ့ ဂဏန်းကျ ရေတံခွန် ကိုလာရောက်လည် ပတ်သူများပြားပြီး စည်းကမ်းမဲ့ ခရီးသွားတစ်ချို့ရဲ့လုပ်ရပ်တွေကြောင့် လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာဝေဖန် မှုတွေမြှင့်တက်နေပါတယ် ။
ဂဏန်းကျရေတံခွန်ဟာ ရွာငံမြို့နယ်၊မြိုင်စံပြကျေး ရွာ အနောက်တောင်ဖက်မှာတည်ရှိပြီး ပြီးခဲ့တဲ့မေ လအတွင်းက ပြည်တွင်းခရီးသွားတွေ ထောင်နဲ့ချီလာရောက်လည် ပတ် ကြတဲ့ နေရာတစ်ခုဖြစ်တယ်လို ဒေသခံတွေ ဆီက သိရပါတယ် ။
” ပြည်တွင်းက ဧည့်သည်တွေ Express ကားကြီးတွေနဲ့ လာကြတာများတယ် တစ်ချို့က Speaker အကြီးကြီး ထမ်းလာပြီးဘီယာဖာတွေနဲ့. မူးရူးပြီး စားသောက်ထားတဲ့ အမှိုက်တွေ ကိုစည်းကမ်းမဲ့ စွန့်ပစ်ခဲ့ကြတယ် ၊ တစ်ချို့လဲ ရေမှော်ပင်တွေကို တွယ်တက်ပြီး ဓါတ်ပုံရိုက်ကြတယ် တကယ်ကိုစည်းကမ်းမဲ့တဲ့လုပ်ရပ်ပဲ” လို့ သျှမ်းတောင်ဒေသခံ တစ်ဦး ကပြောပါတယ် ။
ဂဏန်းကျ ရေတံခွန်ကိုလာရောက်လည်ပတ်ကြတဲ့ စည်း ကမ်းမဲ့ ခရီးသွားတစ်ချို့ကြောင့် သဘာဝပတ် ဝန်း ကျင် ထိခိုက်ပျက်စီးပြီး ရေတံခွန်တိမ်ကောမှာကို ဒေသခံ တွေကစိုးရိမ်နေကြတာပါ ။
” ဒီ ဂဏန်းကျ ရေတံခွန်နေရာကနေရာ ပျော်ပွဲစားထွက်ရလောက်တဲ့အထိနေရာ မကျယ်ပါဘူး၊ ရေမှော်ပင်တွေကို လက်နဲ့ခွာတာတွေ တွယ်တက်တာတွေကြောင့် မကြာခင် ပျက်စီးဖို့ ရာခိုင်နှုန်း များနေပါပြီ ထိန်းသိမ်းစောင့်ရှောက်တာတွေမလုပ်ရင် ပျက်စီး မှာပါ ” လို့ သွားရောက်လည်ပတ်သူ ခရီးသွားတစ်ဦးကဆိုပါတယ် ။
ဂဏန်းကျ ရေတံခွန်ကို ခရီးသွား Vlogger တွေသွား ရောက် လည်ပတ်ရိုက်ကူးပြီး facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖြန့်ဝေခဲ့ခြင်းကြောင့် နာမည်ကြီး လူသိများလာပြီး မြန်မာပြည်အလည်ပိုင်းနဲ့ အောက်ပိုင်း ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်နေကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ် ။
Photo credit# facebook