ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်အုပ်စုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေး ယူမှု JFM မှကြိုဆို၊ နိုင်ငံခြား၀င်ငွေအကြီးမားဆုံးအရင်းအ မြစ်များကိုလဲ ဆက်လက်အရေးယူနိုင်ရန်တိုက်တွန်း

စစ်အုပ်စုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေး ယူမှု JFM မှကြိုဆို၊ နိုင်ငံခြား၀င်ငွေအကြီးမားဆုံးအရင်းအ မြစ်များကိုလဲ ဆက်လက်အရေးယူနိုင်ရန်တိုက်တွန်း

Hsan Loi Editor
23/06/2023
Share:

 

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) အပါအဝင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပစ်မှတ်ထားပြီး နောက်ဆုံးဒဏ် ခတ်ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ သည့် အမေရိကန်၏ လုပ်ရပ်အား Justice For Myanmar မှ ကြိုဆိုကြောင်းဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည် ။

 

ထို့အပြင် စစ်အုပ်စုအတွက် နိုင်ငံခြား၀င်ငွေအကြီးမားဆုံး အရင်းအမြစ်ဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာ ဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူမှုများ အမြန်ဆုံးချမှတ်နိုင်ရန်အမေရိကန်အပါ အဝင် ၄င်း၏ မဟာမိတ် များကို Justice For Myanmar တိုက်တွန်းထားသည် ။

 

MFTB နှင့် MICB ဘဏ်များသည် စစ်ကောင်စီကတရား မဝင်သိမ်းယူ ထားသော နိုင်ငံပိုင်ဘဏ်များသာဖြစ်ပြီးအဆိုပါဘဏ်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လှုပ်ရှားမှုတွေကို ပံ့ပိုးပေးနေပြီး စစ်ရာဇဝတ်ဂိုဏ်း၊စီး ပွားရေး ကွန်ရက်များ၏ အဓိကဆုံမှတ်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေး သားထားသည် ။

 

“ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ် ထားတဲ့ဘဏ်တွေကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ နောက်ဆုံး ပိတ် ဆို့အရေးယူမှုအပေါ် ကျမတို့ ကြိုဆို ပါတယ်။ဒါပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုပြီးထိရောက်ဖို့၊ အမေရိကန်နဲ့ မဟာမိတ်တွေက စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနဲ့ လက်နက်ဝယ်ယူရေး ကွန်ရက်တွေကို စနစ်တကျပစ်မှတ်ထားဖို့ ပိုပြီးအားထုတ်ရမှာ ဖြစ်ပါတယ်။

 

Justice For Myanmar အနေနဲ့ စစ်အုပ်စုရဲ့ လက်ရှိစစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇ၀တ်မှုတွေ ကျုးလွန်ဖို့အတွက် ငွေတွေဆက်ပေးနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်းနဲ့အတူ စစ်အုပ်စုရဲ့ ခရိုနီတွေနဲ့ လက်နက်ပွဲစားကွန်ရက်တွေကို အရေးပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုပါတယ် ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည် ။

 

လက်ရှိ ပိတ်ဆို့အရေးယူမှုများသည် အပြုသဘောဆောင်သော်လည်း စစ်အုပ်စုနှင့် ဆက်စပ် သည့် ခရိုနီကုမ္ပဏီများ၊ လက်နက်ပွဲစားများနှင့် ၄င်းတို့၏ ဘဏ္ဍာငွေရင်းမြစ်များပါစနစ်တကျ ဖြတ်တောက်ပစ်ရန်Justice For Myanmar ကထပ်မံတိုက်တွန်းထားသည် ။