ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်မှုထမ်းဥပဒေကြေညာပြီးနောက် သျှမ်းပြည်နယ်တွင် မြို့နယ် (၂၁)မြို့နယ်တွင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒုတိယအများဆုံးဖြစ်နေ

စစ်မှုထမ်းဥပဒေကြေညာပြီးနောက် သျှမ်းပြည်နယ်တွင် မြို့နယ် (၂၁)မြို့နယ်တွင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒုတိယအများဆုံးဖြစ်နေ

Hsan Loi Editor
26/03/2024
Share:

 

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စစ်ကောင်စီက ကြေညာပြီးနောက် စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လျက်ရှိသည်။ မတ်လ (၂၂)ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း(၁၇၂)မြို့နယ်တွင် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်မှုများ စတင်လုပ်ဆောင်နေကြောင်း Data for Myanmar က ဖော်ပြထားသည်။

ထိုအထဲတွင် သျှမ်းပြည်နယ်တွင် မြို့နယ် စုစုပေါင်း (၂၁)မြို့နယ်အား အကောင်အထည်ဖော်လျက်ရှိပြီး အချို့မြို့နယ်များတွင် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းကို ပို့ဆောင်နေပြီဟု ဒေသအရင်းအမြစ်များထံ သိရသည်။ သျှမ်းပြည်နယ်၌ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ၊ ပင်လောင်း၊ နမ့်စန်၊ ကွန်ဟိန်း၊ ကျေးသီး၊ မိုင်းရှူး၊ မိုးနဲ၊ လားရှိုး၊ တန့်ယန်း၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ မိုင်းတုံ၊ တာချီလိတ် စသည့် မြို့နယ်များတွင် အသက်(၂၄)မှ (၃၀)ကြား အမျိုးသားစာရင်းများအား ကောက်ယူပြီးဖြစ်သည်ဟုဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ကချင်ပြည်နယ်တွင် မြို့နယ်(၅)ခု၊ ကရင်ပြည်နယ်တွင် မြို့နယ်(၂)ခု၊ ချင်းပြည်နယ်တွင် မြို့နယ်(၅)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်(၁၅)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်(၇)ခု၊ ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၁၇)ခု၊ မကွေးတိုင်းဒေသကြီးတွင် မြို့နယ်(၁၁)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်(၁၃)ခု၊ မွန်ပြည်နယ်တွင် မြို့နယ်(၆)ခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ်(၉)ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်(၃၂)ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်(၂၁)ခု၊ နေပြည်တော်နယ်မြေတွင် မြို့နယ်(၈)ခု၊ သျှမ်းပြည်နယ်တွင် မြို့နယ်(၂၁)ခု ဖြစ်ကြောင်း သိရသည်။