ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တပ်၏ အာဏာရိပ်မကင်းသည့် တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို သပိတ်မှောက်ကြရန် တောင်ကြီးတက္က သိုလ်ကျောင်းသား သမဂ္ဂတောင်းဆို

စစ်တပ်၏ အာဏာရိပ်မကင်းသည့် တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို သပိတ်မှောက်ကြရန် တောင်ကြီးတက္က သိုလ်ကျောင်းသား သမဂ္ဂတောင်းဆို

Hsan Loi Editor
30/08/2023
Share:

 

စစ်ကောင်စီကပြုလုပ်ကျင်းပမည့်တောင်ကြီတန် ဆောင် တိုင်ရိုးရားမီးပုံးပျံ လွတ်ပွဲကို ဒေသခံများအနေနဲ့ ပါဝင်ခြင်းမရှိပဲ သပိတ်မှောက်ကြဖို့ တောင်ကြီးတက္က သိုလ်ကျောင်းသား သမဂ္ဂတောင်းဆို ထားသည် ။

သျှမ်းတောင်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် ဖယ်ခုံ၊မိုးပြဲဒေသတို့အပါအဝင်ကယားပြည်နယ် (ကရင်နီဒေသ)တို့တွင် စစ်ဘေးဒဏ်ကို အလူးအလှိမ့်ခံစား နေကြရသည်ကို သျှမ်းတောင်ဒေသခံများက ကိုယ်ချင်းစာသောအားဖြင့် စစ်တပ်၏ အာဏာရိပ်မကင်းသည့် ရိုးရာပွဲတော်များအား ပါဝင်ဆင်နွှဲရန် ကြိုးပမ်းနေခြင်းများရပ်တန့် သ ပိတ်မှောက်စေလိုကြောင်း သြဂုတ်လ ၂၉ ရက်နေ့ကတောင်ကြီးတက္က သိုလ်ကျောင်းသား သမဂ္ဂ က ထုတ်ပြန်ထားသည် ။

စစ်ကောင်စီသည် ၎င်းတို့၏အကျိုးအမြတ်မရရှိသည့်လုပ်ငန်းများအားဆောင်ရွက်ခြင်းမရှိသည်ကိုသိရှိပြီးဖြစ်ရာ ယခုပွဲတော်များသည်၎င်းတို့၏ ဝင်ငွေကြီးကြီးမားမားရလာနိုင်မည့်အပြင် ထိုငွေများသည်မြန်မာပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်တို့အားပျက်စီးစေမည့်လက်နက်တစ်ခုဖြစ်သည်။ ထို့ပြင်အဆိုပါ ပွဲတော်များကျင်းပမှုကိုအကြောင်းပြုလျက် နိုင်ငံတကာ မျက် နှာစာတွင် မြန်မာပြည်သူများအနေဖြင့် ၎င်းတို့အား အစိုး ရအဖြစ်အသိအမှတ်ပြုနေကြပြီဖြစ်ပြီးအေးချမ်းသာ ယာစွာ စီမံအုပ်ချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ရေးရက် စက်မှုများ၊ ဆိုးဝါးသော လူ့အခွင့်ရေးချိုး‌ဖောက်မှုများစွာကို ဖုံးကွယ်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်ကိုလည်း သတိချပ်စေလိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည် ။

မြန်မာနိုင်ငံဒေသအသီးသီးရှိ တိုင်းရင်းသားလူမျိုးစုအသီးသီးသည် ကိုဗစ်ကမ္ဘာ့ ကပ်ရောဂါဒဏ်၊ စစ်ဘေးဒဏ်၊ စစ်တပ်၏အကြမ်းဖက်မှုပေါင်းများစွာတို့ကို နေ့စဉ်နှင့်အမျှ အလူးအလှိမ့်ခံစားနေကြရပြီးထိုပင်ပန်းမှုများ ကြုံတွေ့နေကြရသော်လည်း ယနေ့ အချိန်အခါသည် စစ်တပ်၏ အာဏာရိပ်မကင်းသည့် ရိုးရာပွဲတော်များအား ပါဝင်ဆင်နွှဲရန်ဖြေလျှော့ခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ကြောင်းထုတ်ပြန်ချက်တွင် အသိပေး ထားသည် ။

ထို့ကြောင့် စစ်ကောင်စီ၏အရိပ်အာဏာမကင်းသည့် ပွဲတော်များအား ဖြစ်မြောက်စေရန်အားတက် သရောပူးပေါင်း ကူညီအားဖြည့်ခြင်းများထက် တတ်နိုင်သမျှအကျဉ်းရုန်းဖြင့်သာ အချင်းချင်းစုစည်း၍ ဆောင်ရွက်စေလိုကြောင်းထုတ်ပြန်ထားသည် ။

Photo from google