နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလနောက်ထပ် ၆လ ထပ်မံတိုးမြင့်သတ်မှတ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလနောက်ထပ် ၆လ ထပ်မံတိုးမြင့်သတ်မှတ်

Hsan Loi Editor
31/01/2025
Share:

 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှစပြီး နိုင်ငံတစ်ဝန်းလုံး အရေးပေါ်ကာလ ကြေညာထားသည်မှာ ယနေ့ ဇန်နဝါရီလ(၃၁) ရက်တွင် (၄)နှစ် သက်တမ်းပြည့်ချိန်မှာ မိမိကိုယ်ကို ယာယီသမ္မတ တာဝန် ယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြင့် သတ်မှတ် လိုက်ကြောင်း သိရပါတယ်။

 

လွတ်လပ်ပြီး တရားမျှတမှုအပြည့်နဲ့ ကျင်းပနိုင်မယ့် အထွေထွေရွေးကောက်ပွဲကြီးဖြစ်ဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတဲ့အတွက် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို နောက်ထပ် ၆ လ သက်တမ်းတိုးမြင့်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ကြေညာတာဖြစ်ပါတယ်။