ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူထား သည်မှာ ရက်ပေါင်း(၁၂၂၈)ရက်ရှိပြီဖြစ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူထား သည်မှာ ရက်ပေါင်း(၁၂၂၈)ရက်ရှိပြီဖြစ်

Hsan Loi Editor
12/06/2024
Share:

 

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၎င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အာဏာရယူလိုမှုကြောင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မ သိမ်းယူထား သည်မှာ ဒီကနေ့ ဇွန်လ(၁၂)အထိ ရက်ပေါင်း (၁၂၂၈)ရက် ရှိပြီဖြစ်ကြောင်း သိရသည်။

 

ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုများကို မလိုက်လျောသလို ဆန္ဒပြပြည်သူများ အား စစ်ကောင်စီတပ်များက အကြမ်းဖက် ဖမ်းဆီးခြင်း၊ အပစ်မဲ့ ပြည်သူများကို ရက်စက်စွာ သတ်နတ် ဖြင့် ပစ်သတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ပြည်သူများဧ တောင်းဆိုမှုကို လျစ်လျူရှုပြီး အကြမ်းဖက်မှု များ ပိုမိုလုပ်ဆောင်လာသဖြင့် ရဟန်းရှင် ပြည်သူလူထုများကလည်း ရရာလက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို ယနေ့ထိ ခုခံတော်လှန်စစ် ဆင်နွှဲလာကြပါသည်။

 

တစ်ဖက်မှာလည်း မိမိရဲ့ အာဏာတည်မြဲဖို့ အတွက် စစ်ကောင်စီသည် ပုံစံအမျိုးမျိုးဖြင့် ကာကွယ်လုပ်ဆောင်နေပြီး အခုဆိုရင် တစ်နိုင်ငံလုံးအနှံ့ စစ်တိုက်နေရကာ စစ်ပွဲများအတွင်း လက်နက်ခဲယမ်းများ၊ စစ်တပ်အခြေစိုက်စခန်းများ (၂၅၀၀)ကျော် ဆုံးရှုံးပြီး ရဟတ်ယာဥ်များလည်း ဖျက်ဆီးခံရကြောင်း သိရသည်။

 

အင်အားချိနဲ့လာတဲ့ စစ်ကောင်စီတပ်က တပ်အင်အားပြန်လည်ဖြည့်တင်းဖို့အတွက် ဒို့တာ၀န် အရေးသုံးပါးကို ထမ်းဆောင်ဖို့ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံကာကွယ်ရေး စစ်မှုထမ်း ဆောင်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၁၀ ပြည့်နှစ်၊ နို၀င်ဘာလမှာ ပြဋ္ဌာန်းခဲ့ပြီး အခုနှစ် ဖေဖော်၀ါရီလ (၁၀)ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပါသည်။ ဒါ့အပြင် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေ ကြောင့် စစ်ကောင်စီတပ်မှာ ၀င်ရောက် တာ၀န် ထမ်းဆောင်လို စိတ် မရှိတဲ့ ပြည်တွင်းရှိ လူငယ်လူရွယ်များက နည်းအမျိုးမျိုးနဲ့ နိုင်ငံပြင်ပကို အများအပြားထွက်သွား ကြောင်း သိရပါသည်။ တစ်ချို့သော လူငယ်များမှာ တော်လှန်ရေး တပ်ဖွဲ့များနဲ့ EAO အဖွဲ့များထံ ၀င်ရောက်ပြီး စစ်ပညာများ သင်ယူကာ စစ်ကောင်စီအုပ်စုများကို ပြန်လည်ခုခံ တွန်းလှန်ကြပါသည်။

 

စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် အတင်းအဓ္ဓမ တပ်သားသစ်စုဆောင်းခံရတဲ့ လူငယ်လူရွယ်များကို သင်တန်းအမှတ်စဥ် မပြီးဆုံးခင်မှာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီး တိုက်ပွဲတွင်းသေဆုံးသူများရှိကာ အဆိုပါ သေဆုံးသူများကို စစ်ကောင်စီဘက်က မည်သည့် တာ၀န်ယူမှု မရှိကြောင်းလည်း သိရသည်။

 

စစ်တပ်အာဏာသိမ်းလာတဲ့ ရက်ပေါင်း (၁၂၂၈)အတွင်းမှာ ပြည်သူလူထုရဲ့ အိုးအိမ်ကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၈)သောင်းကျော်ထက်မနည်း ပျက်စီးကြောင်း၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင် ကျောင်း (၁၀၀)ကျော်၊ ဆေးရုံ(၃၉)ခု ၊ ဘာသာ ရေး အဆောက်အဦး (၁၈၇)ခု ပျက်စီးဆုံးရှုံးပြီး သေဆုံးသူ ပြည်သူ အရေအတွက်(၁၃၀၀)ကျော် ရှိကြောင်း မြေပြင်အချက်အလက် ကောက်ယူတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ သိရပါသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်မသက်ဖြစ်မှုကြောင့် ပြည်ပရင်းနှီးမြုပ်နှံမှု များလည်း သိသိသာ ကျဆင်းလာပြီး ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အများအပြား ထွက်သွား ကာ နိုင်ငံ့စီးပွားရေး ပိုမိုကျဆင်းလာပါသည်။ တဆက်ထဲမှာပဲ နိုင်ငံတည်ဆောက်ဖို့ အဓိကကျတဲ့ လူ့စွမ်းအားအရင်းအမြစ်လည်း များစွာဆုံးရှုံးခဲ့ပါသည်။

 

ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးအကြပ်အတည်းကြောင့် စစ်ကောင်စီ က တာ၀န်ယူဖြေရှင်းပေးတာ မရှိတဲ့အပြင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို အပစ်တင်ပြီး ရွှေစျေးနှုန်း အဆမတန် ပြောင်းလဲလာကာ ကျပ်ငွေတန်းဖိုးများ ကျဆင်းလာတာဟာ အချို့သော စီးပွားရေး၀ိသမလောဘ သားရဲ့ ငွေကြေးကမောက်ကမဖြစ်အောင် ကစားမှုကြောင့်ဆိုပြီး ပြီးခဲ့တဲ့လ က ပြည်တွင်းရွှေလုပ်ငန်းများကို အရေးယူများ ဆောင်ရွက်ကြောင်း သိရသည်။

 

အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီ တာ၀န်ယူစဥ် ကာလအတွင်း မြန်မာနိုင်ငံ တိုးတက်လာအောင်၊ နိုင်ငံတွင်း တည်ငြိမ်အေးချမ်းလာအောင် ဆောင်ရွက်နိုင်တဲ့ အရည်အချင်း မရှိသည့်အပြင် လက်တွေ့မကျတဲ့ မူ၀ါဒ အမှားတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး အဘက်ဘက်ဟာ ကျဆင်းမြဲ ကျဆင်းနေမည်မှာ မလွှဲပေမည်။