ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ်သစ် ဦးအောင်ဇော်အေးသည် ယခင် တြိဂံတိုင်းမှူး၊ အရှေ့မြောက်ပိုင်းတိုင်းမှူး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်တာဝန်ယူဖူးသူဖြစ်ကြောင်း စစ်သတင်းအရင်းအမြှစ်အချို့ထံက သိရသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် ဟိုမိန်းဒေသတွင် TNLA ၏လက်နက်ခဲယမ်းများကို အမြှောက်အများ ဖမ်းဆီးခဲ့သူ အရှေ့မြောက်ပိုင်းတိုင်းမှူးဟု လေ့လာတွေ့ရှိရသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ဝန်းကျင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ TNLA ၊ AA၊ MNDAA တို့ ၃ ဖွဲ့ နောင်ချို၊ မေမြို့ရှိ ဗိုလ်သင်တန်းကျောင်း (DSTA) ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ လိုက်လံတိုက်ခိုက်ရင်း ကွတ်ခိုင်မြို့ လျိုတောတခုထဲတွင် အဆောက်အအုံ ၁၀၀ ကျော်ခန့်ရှိသော မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာကို ရှာဖွေတွေ့ရှိသွားပြီး ဝင်ရောက်စီးနင်းခဲ့ရာတွင် ကွပ်ကဲညွန်ကြားသော တိုင်းမှူး ဖြစ်သည်ဟု ထိုင်းသတင်းဌာနတခုကလည်း ရေးသားဖော်ပြဖူးသည်။
၂၀၁၇ ခုနှစ်ခန့်တွင် တြိဂံဒေသတိုင်းမှူး တာဝန်ယူဖူးသူဟုလည်း သိရသည်။