ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိ

Hsan Loi Editor
05/08/2024
Share:

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာကို ယမန်နေ့ ဩဂုတ်လ (၄)ရက် မွန်းလွှဲပိုင်းအချိန်တွင် စစ်ကောင်စီက အတွဲလိုက်ဗုံးသီး (Cluster Bombs)အသုံးပြုပြီး လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး(၂)ဦးအပါအဝင် ပြည်သူ(၁၃)ဦးသေဆုံးပြီး (၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်ထားပါသည်။

 

ထို့အပြင် ဩဂုတ်လ(၄)ရက် မွန်းလွဲ ၃ နာရီခွဲခန့်အချိန်တွင် စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်က ပြည်သူများအတွက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး လိုက်နာကျင့်သုံးကြရန် MDY-PDF က သတင်းထုတ်ပြန်ထား‌ကြောင်းသိရသည်။