ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ၏ လက်အောက်ခံတပ် ကျောက်ဂူတိုက်နယ်အတွင်း စစ်အင်အားဖြည့်နေ

စစ်ကောင်စီ၏ လက်အောက်ခံတပ် ကျောက်ဂူတိုက်နယ်အတွင်း စစ်အင်အားဖြည့်နေ

ahadmin
17/10/2022
Share:
ယနေ့ စစ်ကောင်စီ၏ လက်အောက်ခံတပ်ရင်းများ သျှမ်းပြည်နယ် ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ် နောင်လုံကျေးရွာအုပ်စုအတွင်း စစ်အင်အားဖြည့်တင်းခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု သိရပါသည်။
ရပ်စောက်မြို့ခံတဦးက “မနေ့ကနေ ကနေ့ထိ ဝင်လာတဲ့တပ်ရင်းတွေကတော့ မိုင်းပြင်းဘက်က စစ်ကောင်စီတပ်ရင်း ၂၄၉၊ နောင်ချိုဘက်က ၅၄၃ တပ်ရင်း၊ ၃၅၄ တပ်ရင်းနဲ့ ရပ်စောက်က တပ်ရင်းတချို့တွေပါ” ဟု ပြောပါသည်။
၎င်းတို့ စစ်ကောင်စီ ရောက်ရှိလာရာ နေရာများသည် ဝမ်မတ်ဆန်းဖေားရွာ၊ ကျောက်ဆုံရွာ၊ ကျောက်ဆုံလမ်းခွဲတို့ဖြစ်ပြီး နမ့်လန်ဘက်တွင် တပ်ရင်း ၅၀၅ က နောင်လုံကျေးရွာထဲ ရောက်ရှိနေသည်ဟု သိရသည်။
ကျောက်ဆုံလမ်းခွဲနှင့် သာစည်ရွာလမ်းခွဲတို့တွင် ယခင်က SSPP နှင့် မဟာမိတ်များ နေရာယူထားကြရာ ယခု စစ်ကောင်စီတပ်ရင်းများ ဆင်းလာပြီးနောက် နောင်လုံကျေးရွာအုပ်စုတဝိုက်တွင် ရင်ဆိုင်နေသည့်အနေအထား ရှိနေသည်ဟု ဆိုပါသည်။
ဒေသခံများအနေနှင့် ယခုကာလ ဆန်စပါး သီးနှံများ ရိတ်သိမ်းသည့်အချိန်ကာလဖြစ်ရာ တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြပါသည်။ သို့သော် SSPP နှင့် မဟာမိတ်များဘက်မှ စစ်ရေးအဆင်သင့် ဖြစ်နေပုံရသည်ဟု ဆိုပါသည်။
SSPP နှင့် မဟာမိတ်များအနေနှင့် ကုန်းသာ၊ ခိုင်ချန်၊ ပန်ဟိုင်း၊ ကုန်းညောင်နှင့် သာစည်ရွာတဝိုက် အင်အား ၃၀၀-၄၀၀ ဝန်းကျင်ခန့် ရှိနေသည်ဟု သိရသည်။
#HsanLoiVoice
ဓါတ်ပုံ – စစ်ကောင်စီတပ်သားများ ပုံဟောင်း
Source: CJ