ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ (၂၁.၁၁.၂၀၂၃) ရက်နေ့ ညနေ(၄) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ဒေသခံ(၂)ဦး စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
စစ်ကောင်စီသည် နမ့်ခမ်းမြို့ စခန်းသစ်ကုန်းကပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်ရှိ စည်ပင်ရုံးရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟုဆိုသည်။
“ မနက်ပိုင်းတုန်းက စစ်ကောင်စီလေယာဉ်(၂)စီးက သူတို့ရိက္ခာတွေကို လာပစ်သွားတယ်။ အဲ့ဒါကြောင့် သူတို့ရိက္ခာတွေကို သွားကောက်တဲ့အချိန်မှာ လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည်ကို ကာပြီးပစ်တယ်။ ညနေ(၄)နာရီလောက်မှာ လက်နက်ကြီးတစ်လုံးက နမ့်ခမ်းမြို့လယ် ပေါက်နေရပ်ကွက် စည်ပင်ရုံးရှေ့ကိုကျပြီး ပေါက်ကွဲတယ်။ ဘယ်အဖွဲ့ကပစ်လိုက်တဲ့လက်နက်ကြီးလည်းတော့ မသိရဘူးပေါ့။ အဲ့ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့ ၄ ဦးဒဏ်ရာရခဲ့တယ်။” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောပြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း TNLA အဖွဲ့က ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။