ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီမှ ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၁) ရက်နေ့အထိ (၂၃)ရက်တာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောနေရာများတွင် ဇန်နဝါရီလ(၇)ရက်နေ့ ကတည်းက လူဦးရေနှင့်သန်းခေါင်စာရင်များကို ကောက်ခံနေပြီဟု NUG မှ ထုတ်ပြန်ဖော်ပြခဲ့သည်။
၎င်းတို့ ထုတ်ပြန်ကြေညာချက်တွင် ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန်နှင့် စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြု ဆောင်ရွက်ကြသည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကနှင့်အခြားဒေါက်တိုင်များကို ပြင်းပြင်းထန်ထန် တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။