ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား ဆန့်ကျင်ကြောင်း တန့်ယန်းဒေသခံတောင်သူများ သဘောထားထုတ်ပြန်

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား ဆန့်ကျင်ကြောင်း တန့်ယန်းဒေသခံတောင်သူများ သဘောထားထုတ်ပြန်

Hsan Loi Editor
02/04/2024
Share:

 

ယမန်နေ့ (၁.၄.၂၀၂၄) ရက်နေ့ က သျှမ်းပြည်နယ် တန့်ယန်းမြို့နယ် ဒေသခံတောင်သူလယ်သမားများစုပေါင်းပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား ဆန့်ကျင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

 

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီတပ်ဘက်က အသက်သွင်းလာသည့် စစ်မှုထမ်းဥပဒေကြောင့် တန့်ယန်းမြို့နယ်အတွင်း အရွယ်ရောက်သူများ စာရင်းကောက်ယူနေသည့်အတွက် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။