ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ

Hsan Loi Editor
27/06/2023
Share:

 

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ALP၊ DKBA၊ KNU/KNLA-PC ၊ LDU ၊ PNLO တို့သည် ဇွန်လ (၂၆) ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါဆွေးနွေးပွဲသို့ စစ်ကောင်စီအဖွဲ့ဝင် NSPNC ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့တွင် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) မှ စစ်ရေးချုပ်အဆင့်ရှိ ဗိုလ်မှုးကြီး စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်း‌ရေးကောင်စီ ဒုတိယဥက္ကဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဒုတိယဥက္ကဌကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့ တက်ရောက်ခဲ့သည်။

 

ဆွေးနွေးမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ ပြင်ဆင်လိုသော အချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတို့အား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။