ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီအရာရှိနှင့်တပ်သား (၃၀၀) ဦးကျော် MNDAA ထံ လက်နက်ချ၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီစခန်းများဖြစ်သော ခလရ – ၄၁ နှင့် ခလရ – ၆၈ ကိုလည်း သိမ်းပိုက်နိုင်ပြီဟု MNDAA ထုတ်ပြန်

စစ်ကောင်စီအရာရှိနှင့်တပ်သား (၃၀၀) ဦးကျော် MNDAA ထံ လက်နက်ချ၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီစခန်းများဖြစ်သော ခလရ – ၄၁ နှင့် ခလရ – ၆၈ ကိုလည်း သိမ်းပိုက်နိုင်ပြီဟု MNDAA ထုတ်ပြန်

Hsan Loi Editor
23/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ တပ်ရင်းတစ်ခုက ဒုဗိုလ်မှူးကြီးဦးဆောင်၍ စစ်ကောင်စီတပ်သား (၃၀၀) ဦးကျော်သည် ဇူလိုင်လ (၂၁) ရက်နေ့က MNDAA ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

 

လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီအဖွဲ့ထဲတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူကဦးဆောင်၍ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၁၇ ဦး ပါဝင်ပြီး မည်သည့်တပ်ရင်းဖြစ်ကြောင်း MNDAA ကဖော်ပြထားခြင်းမရှိပါ။

 

ဒါ့အပြင် လားရှိုးမြို့အခြေစိုက် ခလရ ၄၁ နှင့် ခလရ ၆၈ တပ်ကိုလည်း MNDAA က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု သိရသည်။ လားရှိုးမြို့အထွက် အေဒီ တံတားကိုလည်း ကျိုးပျက်သွားပြီဟုဆိုသည်။ MNDAA အဖွဲ့သည် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် လားရှိုးမြို့အဝင်ဆိုင်းဘုတ်နှင့် မြို့ပေါ်ရပ်ကွက်အချို့အထိ ဝင်ရောက်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။