ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးလုပ်ဆောင်နေတာလို့ အင်းလေးဒေသ ခရီးစဥ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော၊     ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ တောင်ပေါ်မြေပြန့်မခွဲ ခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းထား

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးလုပ်ဆောင်နေတာလို့ အင်းလေးဒေသ ခရီးစဥ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ တောင်ပေါ်မြေပြန့်မခွဲ ခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းထား

Hsan Loi Editor
12/04/2025
Share:

 

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးကိုဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက် နေကြခြင်း ဖြစ်ပြီး နိုင်ငံတော်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ တစ်ဦးနဲ့တစ်ဦး ညီညီညွတ် ညွတ်နဲ့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွား ကြရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

 

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ရတဲ့ အင်းလေးဒေသသို့ ယမန်နေ့ ဧပြီလ ၁၁ ရက် က သွားရောက်ပြီး ဘေးသင့်ပြည်သူများနဲ့ တွေ့ဆုံချိန်မှာ ပြောကြားတာဖြစ်ပါတယ်။

 

ဒါ့အပြင် အင်းလေးဒေသမှ ပျက်စီးသွားတဲ့ နေအိမ်များပြန်လည်တည့်မတ်ခြင်းနဲ့ တည်ဆောက်ရေး လုပ်ငန်းများကို မိုးရာသီမရောက်မီ ဆောင်ရွက်ပြီးစီးစေရန် ကျွမ်းကျင်လက်သမား အဖွဲ့များနဲ့ လုပ်သားများ ရရှိအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့က ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်တယ်လို့ ပြောပါတယ်။

 

ယမန်နေ့ နံနက်ပိုင်းအထိ ကောက်ယူရရှိထားတဲ့ စာရင်းအရ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၄၁ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး သေဆုံးခဲ့ ရသူများကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။