ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီလေယာဉ်ဗုံးကြဲမှု အေဒင်စားဥယျာဉ်ကို ထိမှန်ပြီးပျက်စီး၊ ရေတွင်းတူးသမားတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

စစ်ကောင်စီလေယာဉ်ဗုံးကြဲမှု အေဒင်စားဥယျာဉ်ကို ထိမှန်ပြီးပျက်စီး၊ ရေတွင်းတူးသမားတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

Hsan Loi Editor
15/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီးရှိ ကျေးရွာများအား ယနေ့(၁၅.၁၁.၂၀၂၃) နေ့လည် (၁၂) နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်မှ ဂုတ်တွင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများထံ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခေါက်ခက်ကျေးရွာရှိ အေဒင်စားဥယျာဉ် ထိခိုက်ခဲ့ပြီး စားသောက်ဆိုင်ဝင်းအတွင်းရှိအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့သည်။

 

ဒါ့အပြင်ဆိုင်အတွင်း ရောက်ရှိနေသော ရေတွင်းတူးအလုပ်သမားတစ်ဦးလည်း ဗုံးထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

ကျောက်မဲမြို့နယ် ဂုတ်တွင်းတစ်ကြောတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။