ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ၊ တွေပူးကျေးရွာ ရွာသူကြီးကို ဖမ်းဆီး

စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ၊ တွေပူးကျေးရွာ ရွာသူကြီးကို ဖမ်းဆီး

Hsan Loi Editor
09/12/2024
Share:

 

ရှမ်ပြည်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ် ထဲက ရွာသူကြီး တစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ကဒီဇင်ဘာ ၇ ရက် ညကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ PNLA သတင်းနှင့်ပြန် ကြားရေး ကထုတ်ပြန်ထားပါ ။

 

PNOပြည်သူ့စစ်အဖွဲ့က ဆီဆိုင် ၊ တွေပူးကျေးရွာ ရာသူကြီး ဖြားဒုံးကျော်ကိုနေအိမ်ပေါ်ထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက် အသွယ်မရသေးဘူးလို့ သိရပါတယ် ။

 

ဖမ်းဆီးခံရတဲ့ တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ဟာ ပအိုဝ်းဒေသမှာ ဒီမိုကရေစီနည်းကျကျ မဲပေး ရွေးချယ်ထားတဲ့ ရပ်ရွာခေါင်း ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးတဲ့အတွက်အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကပြောပါတယ် ။

 

ရွာသူကြီး ဖြားဒုံကျော်ကို PNO ပြည်သူ့စစ်က ဘယ်နေရာမှာ ဖမ်းဆီးသွားတာမငိတဲ့အတွက် ဒေသခံပြည်သူတွေ ကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ် ။

 

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကလည်း တွေပူးကျေးရွာကို စစ်ကောင်စီနဲ့လက်အောက်ခံ PNOပြည်သူ့စစ်က လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာနေ ကျောင်းသူတဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။

 

Photo – PNO ပြည်သူ့စစ်ပုံဟောင်း