ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီ၏လက်နက်ထုတ်လုပ်ရေးစက်ရုံအတွက် အထောက်အကူပြုပေးနေသော ကုမ္ပဏီများသည် အမေရိကန်၊ ရုရှား၊ ဂျာမဏီ၊ ပြင်သစ်၊ သြစတေးလျ၊ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ စင်္ကာပူနှင့် ထိုင်ဝမ်တို့မှ ကုမ္ပဏီများဖြစ်ကြောင်း သုတေသနစစ်တမ်းတခုက ဆိုသည်။
တက်နိုလိုရီပိုင်းဆိုင်ရာ လွဲပြောင်းပေးနိုင်ရေး အထောက်အကူပြုပေးသော ကုမ္ပဏီများအနေနှင့် စင်္ကာပူ၊ အစ္စရေး၊ တောင်ကိုးရီးယား၊ တရုတ်နှင့် ယူကရိန်းတို့မှ ကုမ္ပဏီများ ဖြစ်ကြသည်။
ကုန်ကြမ်း ရှာဖွေပေးနေသော ကုမ္ပဏီများသည် တရုတ်နှင့် စင်္ကာပူ ကုမ္ပဏီများဖြစ်သည်။
လိုအပ်သည့် အစိတ်အပိုင်းများ ရှာဖွေပေးနေသော ကုမ္ပဏီသည် အိန္ဒိယကုမ္ပဏီ ဖြစ်သည်။
စက်လက်နက် အစိတ်အပိုင်းများ တပ်ဆင်ခြင်းအတွက် အထောက်အကူပြုပေးနေသော ကုမ္ပဏီများတွင် ရုရှားနှင့် အိန္ဒိယတို့ အဓိကဖြစ်သည်။
စက်ပစ္စည်းပံ့ပိုးပေးနေသော ကုမ္ပဏီများမှာ ဂျာမဏီ၊ ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်၊ သြစတေးလျနှင့် ပြင်သစ်နိုင်ငံတို့မှ ကုမ္ပဏီများ ဖြစ်သည်။
လက်နက်အမျိုးအစား အမျိုးမျိုးဖြစ်သော လက်နက်ငယ်များ၊ ဗုံးများ၊ တင့်ကားနှင့် စစ်ရဟတ်ယာဥ်နှင့် ရေယာဥ်များထုတ်လုပ်မှုအဆင့်အထိ ဖြစ်သည်ဟု သိရပါသည်။
လက်နက်ထုတ်လုပ်ရေးစက်ရုံများသည် ရန်ကုန်မြို့၊ ပဲခူး မကွေးတို့တွင် ၁၉၈၈ ခုနှစ်ဝန်းကျင်မှစပြီး အနည်းဆုံး ၆ နေရာ၊ ၂၀၁၁ ခုနှစ်တွင် စက်ရုံ ၂၀၊ ၂၀၂၂ ခုနှစ်တွင် စက်ရုံ ၂၅ ခုအထိ တိုးလာ၍ ၂ နေရာသည် ဆောက်လုပ်ဆဲဖြစ်သည်ဟု သိရသည်။