ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့်  ကလေးသူငယ် ၄၀၀ နီးပါး သေဆုံးဟု NUG ထုတ်ပြန်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ကလေးသူငယ် ၄၀၀ နီးပါး သေဆုံးဟု NUG ထုတ်ပြန်

Hsan Loi Editor
18/03/2025
Share:

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်

၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ၂၀၂၅ ခုနှစ် ၊ မတ် ၁၆ ရက်ထိ ကလေးငယ် ပေါင်း ၃၇၂ ဦး သေဆုံးခဲ့ရတယ်လို့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)ရဲ့ လူအခွင့်အရေးဆိုင်ရာဝန် ကြီးဌာနက မတ်လ ၁၇မှာ ထုတ်ပြန်ထားပါတယ် ။

 

စစ်ကောင်စီဟာအများပြည်သူသွားလာနေတဲ့ ဈေးနဲ့ သာသနိကအဆောက်အဦးကိုရည်ရွယ်ချက်ရှိရှိလေကြောင်း ကတိုက်ခိုက်တဲ့လုပ်ရပ်တွေအပေါ် NUG ကအပြင်းအ ထန်ရှုံ့ချကြောင်းနဲ့ အများပြည်သူဆိုင်ရာနေရာတွေကိုစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး မဟာ ဗျူဟာ တရပ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံး လာတဲ့ အတွက် ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူတွေ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုထားပါတယ် ။

 

စစ်ကောင်စီဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်ပြီးအထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်တွေကို ကာကွယ် ပေးရမယ့်အချက်တွေ

ကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်တွေ အပေါ် ကြီးမားတဲ့ ကျူးလွန်မှု (၆) မျိုးထဲကကလေးသူငယ်တွေ ကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုတဲ့အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်တဲ့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်များရဲ့ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နဲ့ ကာကွယ်မှု ရရှိပိုင်ခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ် ။

 

ဒါ့ကြောင့် စစ်ကောင်စီကို နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားတွေနဲ့ နိုင်ငံတကာ တရားစီရင်မှုယန္တရားတွေကနေ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြဖို့ လူ့အခွင့်အရေးနဲ့ ကလေး သူငယ်ဆိုင်ရာ အခွင့်အရေးတွေကို ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံတွေဆီ NUG က တိုက်တွန်းထားပါတယ် ။