နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီရဲ့ တင့်ကားတစ်စီးကို KIA က ဖျက်ဆီးနိုင်ပြီး ဆနီခူးစစ်တပ်စခန်း (၂)ခုကိုပါ သိမ်းပိုက်နိုင်

စစ်ကောင်စီရဲ့ တင့်ကားတစ်စီးကို KIA က ဖျက်ဆီးနိုင်ပြီး ဆနီခူးစစ်တပ်စခန်း (၂)ခုကိုပါ သိမ်းပိုက်နိုင်

Hsan Loi Editor
16/06/2024
Share:

 

ဇွန်လ(၁၃)ရက်နေ့က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ချီဖွေသွားလမ်းပေါ်ရှိ ဆနီးခူကျေးရွာမှ စစ်ကောင်စီတပ်စခန်း (၂)ခု သိမ်းပိုက်နိုင်ပြီး တင့်ကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

KIA ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်သည့် တပ်စခန်း(၂)ခု သည် ၀ိုင်းမော်−ချီဖွေလမ်းအတွက် အလွန်အရေးပါသော တပ်စခန်းဖြစ်ကြောင်းသိရသည်။ ဒါ့အပြင် ဗန်းမော် ကနေ မံစီဘက်ကို တင့်ကား (၃)စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်ဖွဲ့က ကောင့်ဂျာယန် ကျေးရွာမှာ ကြားဖြတ်တိုက်ခဲ့ပြီး တင့်ကား(၃)စီးအနက် တစ်စီးကို ပစ်ခတ်ဖျက်ဆီးလိုက်နိုင်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောကြားထားကြောင်း ဒေသတွင်း မီဒီယာမှသိရသည်။

 

ပြီးခဲ့သည့် မေလကလည်း ဗန်းမော် (၅)မိုင် ဂျေအင်းရွာအနီးမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့ က စစ်ကောင်စီရဲ့ စစ်ကြောင်းကို ဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီ တင့်ကား(၁)စီးနှင့် စစ်ကား(၂)စီး ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။