ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီမှ အကျဉ်းသား (၇၀၀၀) ဦး ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေး ဆရာမဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့အပြင် NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် သူရဦးအောင်ကိုလည်း ပြန်လည်လွတ်မြောက်

စစ်ကောင်စီမှ အကျဉ်းသား (၇၀၀၀) ဦး ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေး ဆရာမဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့အပြင် NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် သူရဦးအောင်ကိုလည်း ပြန်လည်လွတ်မြောက်

Hsan Loi Editor
04/01/2023
Share:

 

ယနေ့ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝှမ်း အကျဉ်းထောင်များက အကျဉ်းသူ၊ အကျဉ်းသား ၇,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့အထဲတွင် ပရဟိတလုပ်ငန်းများဖြင့် နာမည်ကြီးခဲ့သည့် ဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့အပြင် NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် သူရဦးအောင်ကိုလည်း ပြန်လည်လွတ်မြောက်လာသည်။

ဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် စစ်ကောင်စီမှ ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံထားရသူတစ်ဦး ဖြစ်သည်။

သို့သော် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ပြစ်ဒဏ်လျော့ပေါ့ပေးသည့် အမှုစာရင်းထဲ၌ နွေဦးတော်လှန်ရေး ကာလအတွင်းဖမ်းခံရသူများကို အများဆုံးစွဲဆိုခံရသည့် ပုဒ်မများ ပါဝင်ခြင်းမရှိကြောင်းလည်း တွေ့ရသည်။

 

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/