ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီနှင့် UWSA တို့ မူးယစ်ဆေးဝါး အတူတူ သွားဖမ်းဟုဆို

စစ်ကောင်စီနှင့် UWSA တို့ မူးယစ်ဆေးဝါး အတူတူ သွားဖမ်းဟုဆို

Hsan Loi Editor
30/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ယမန်နေ့က စစ်ကောင်စီအဖွဲ့နှင့် UWSA အဖွဲ့တို့ မိုင်းဆတ်မြို့နယ်၊ နားလောင်းရွာနှင့် ဆန်ကန်ရွာအတွင်းမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့ လူမှုကွန်ယက်အကောင့်များက ယနေ့ ရေးသားဖော်ပြခဲ့ပါသည်။ ဝင်ရောက်ဖမ်းဆီးခဲ့သည့် လူပုဂ္ဂိုလ်နှင့် နေအိမ်တို့ကို ထုတ်ဖော်ပြသခြင်း မတွေ့ရပါ။

M-12 သေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ စိတ်ကြွဆေးပြား (၆,၁၀၂,၀၀၀) ပြား၊ ဆေးပြားအကြွေ (၁၆) ကီလို၊ ဘိန်းစိမ်း (၁၀) ထုပ်၊ မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၂၅၀၀၀) ခန့် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

သာမာန်အားဖြင့် CCDAC Myanmar မူးယစ်အဖွဲ့သာ ယင်းကဲ့သို့သော မူးယစ်ဆေးဝါးဖမ်းမိသည့် သတင်းများကို ထုတ်ဖော်ရေးသားဖော်ပြလေ့ ရှိပါသည်။

စစ်ကောင်စီနှင့် UWSA ၂ ဖွဲ့စလုံးသည်လည်း အမေရိကန်ပြည်ထောင်စု အရေးယူပိတ်ဆို့ခံထားရသော အဖွဲ့များဖြစ်သည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/