ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာတွင် နိုဝင်ဘာလ (၂၅) ရက်နေ့က စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်းသာရွာရှိ ဒေသခံများ သီပေါမြို့နှင့် ဘော်ကြိုဘုရားကျောင်းသို့ ခေတ္တထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
နိုဝင်ဘာလ (၂၆) ရက်နေ့တွင် စစ်ဘေးရှောင် (၄၈၁)ဦး ရှိခဲ့ပြီး ယနေ့မှာတော့ တိုက်ပွဲပြန်လည်ငြိမ်သက်သွားပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ မိမိနေအိမ်ကို ပြန်နေကြပြီဖြစ်သည်။
သို့သော် တိုက်ပွဲကြောင့် လက်နက်ကြီးလက်နက်ငယ်ကျည်များထိပြီး ထိခိုက်ပျက်စီးသွားသည့် ကုန်းသာရွာမှ နေအိမ် (၁၄) လုံးကတော့ ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း သိရသည်။ နေအိမ်များကို ကျည်ထိပြီး သွပ်မိုးပေါက်ခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်းများ ထိခိုက်ပျက်စီးခြင်း၊ မီးကြိုးများ ပျက်စီးခြင်းနှင့် နေအိမ်နံရံများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/