နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က PNLA ကို စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသတွင် တိုက်ပွဲပြင်းထန်၊

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က PNLA ကို စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသတွင် တိုက်ပွဲပြင်းထန်၊

Hsan Loi Editor
27/11/2024
Share:

 

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသတွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်စခန်းကို စစ်ကြောင်းထိုး တိုက်ခိုက်လာသဖြင့် တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်မှ စတင်ပြီး မောက်မယ်မြို့နယ်ရှိ ဟိုနမ့်ဒေသမှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် PNLA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဘက်က တပ်သား ၃၀ ကျော် သေဆုံး‌ကြောင်း PNLA ၏ စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသ တောင်ဘက်ရှိ PNLA ၏ တပ်စခန်းကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က လက်နက်ကြီးများ ဒရုံးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း PNLA ထံမှ သိရသည်။

 

မောက်မယ်မြို့နယ် ဟိုနမ့်ဒေသအတွင်း တိုက်ပွဲမ‌ဖော်ဆောင်ကြဖို့ ယခုနှစ် ပြီးခဲ့သည့် မတ်လ(၈)ရက်နေ့က ပအိုဝ်းသံဃာတော်များက အဆိုပါ နယ်မြေတွင်း လှုပ်ရှားနေသည့်အဖွဲ့ဖြစ်သော RCSS၊ PNO ပြည်သူ့စစ် နှင့် PNLA တပ်များထံကို မေတ္တာရပ်ခံ ထားခြင်းဖြစ်ကြောင်း သိရသည်။