ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ကောင်စီတပ် နေရာယူထားရာနှင့် ခပ်ဝေးဝေးနေကြရန် Federal Wings တပ်ဖွဲ့က ထပ်မံသတိပေး

စစ်ကောင်စီတပ် နေရာယူထားရာနှင့် ခပ်ဝေးဝေးနေကြရန် Federal Wings တပ်ဖွဲ့က ထပ်မံသတိပေး

Hsan Loi Editor
05/09/2023
Share:

 

၂၀၂၃ ခု၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ ထွေအုပ်ရုံးနှင့် ရဲစခန်းကို K.N.L.Aနှင့် Federal Wings တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ယင်းကြောင့် ခလရ ၂၇၅ ယာယီတပ်ရင်းမှူး အောင်ကျော်မင်း၊ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ်ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေအုပ်စာရေး ပြည့်ဖြိုးအောင်နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြပြီး သေဆုံးသွားခဲ့ကြောင်း နှစ်ဖက်သတင်းများက ဖော်ပြခဲ့ကြသည်။

မိဘပြည်သူများအနေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရုံးများ၊ တပ်စခန်းများ၊ နေရာများနှင့် ခပ်ဝေးဝေး နေထိုင်ပေးကြရန် Federal Wings က ယမန်နေ့ညနေပိုင်း၌ ထပ်မံ သတိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ မိသားစုဝင်များအနေဖြင့် ဝန်ထမ်းအိမ်ရာများမှလည်း အလျှင်အမြန်စွန့်ခွာထွက်သွားကြရန် အသိပေးထားသည်။

 


Ref: Federal Wings