ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ ဧပြီလ (၁၁) ရက်နေ့ ည (၁၀:၁၅) နာရီခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ယင်းရွာ နှင့် ပီကင်းရွာအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ယင်းရွာမှ အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။
“ သေတဲ့သူတွေကတော့ လွယ်ယင်းရွာကလူတွေဖြစ်တယ်။ ညပိုင်းလာကြဲတာဖြစ်တဲ့အတွက် ထွက်ပြေးချိန်မရလိုက်ဘဲအသက်ဆုံးရှုံးသွားကြရတယ်ဆိုတော့ စိတ်မကောင်းဘူး။ ပီကင်းရွာက လူတွေလည်း ထိခိုက်ဒဏ်ရာရထားတဲ့သူတွေရှိတယ် လောလောဆယ်တော့ ထိခိုက်ထားတဲ့သူတွေကို ဆေးကုပေးနေတယ်။ အိမ်တွေလည်းတော်တော်များများ ပျက်စီးသွားတယ်။” ဟု Pekhon Rescue က အဖွဲ့ဝင်တစ်ဦးကပြောပြသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ဖယ်ခုံမြို့နယ် လွယ်ယင်းရွာနှင့်ပီကင်းရွာက နေအိမ် (၆) ထက်မနည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။