ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်၌ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ စစ်သင်္ဘော(၃) စင်းအား AA က တိုက်ခိုက်နပ်မြှုပ်နိုင်ခဲ့ကြောင်း AA ဘက်က ဓာတ်ပုံနှင့်တကွ ဖော်ပြလာသည်။
ဒါ့အပြင် စစ်ကူလာသော နောက်ထပ် စစ်သင်္ဘော(၄)စင်းကိုလည်း ထိခိုက်သွားသည်ဟုဖော်ပြထားသည်။ စစ်ကောင်စီတပ်နှင့် AA တို့သည် သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ယာယီရပ်စဲထားပြီးနောက်ပိုင်း၌ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။